create account

Mission time (@aggamun) by aggamun

View this thread on: hive.blogpeakd.comecency.com
· @aggamun ·
$1.14
Mission time (@aggamun)

Source

Planet တစ်လုံး အဆင်သင့် ဖြစ်ခဲ့ရင် battleshipတွေ အဆင်သင့် ထုတ်ထားတဲ့ အခါ စိတ်ဝင်စားဖို့ သိပ်မကောင်းတော့ ပါဘူး။ ဘာလို့ ဆိုတော့ ပိုင်ဆိုင်တဲ့ Planet သာ ‌ပြောင်းသွားချင် သွားမယ်၊ ထုတ်လုပ်ရမယ့် ယာဉ်ကတော့ ဒါတွေပဲ ဖြစ်ပါတယ်။ planet များများ ပိုင်လေ build ဆိုတဲ့ ခလုတ်ကို နှိပ်ရတဲ့ အကြိမ် အရေအတွက် များလေ ဖြစ်ပါတယ်။ ကြာလာတော့ ပျင်းစရာတောင် ကောင်းလာပါတယ်။ delay တွေ ဘာတွေ ဖြစ်နေရင် ပိုကြာပါလေရော။ ခလုတ် တစ်ချက်တည်း နဲ့ အမျိုးအစား တူ ယာဉ် ပျံလေး တွေ တည်ဆောက်လို့ ရရင် သိပ်ကောင်းမှာပဲ ဗျာ။

ကိုယ်က စတီးမစ် သမား ဆိုတော့ တစ်နေ့ တစ်နေ့ စတင်း အနေအထား ဘယ်လိုရှိတယ်ဆိုတာ မားကတ်ထဲ ဝင် ဝင် ကြည့်ရတာ အမော။ ဈေးတက်တော့ မလား ဟ။ ကျသွားပြန် ပြီလား ဟ ဆိုပြီး ရင်ခုန် ရပါတယ်။ ဈေးတက်လာရင် ရင်ခုန်ရပြီး ကျသွားရင်တော့ ရင်တုန် နေရတာပဲ။ ( တကယ်တော့ ရင်တုန် နေရတာ များပါတယ်ဗျာ။ ) ခုခေတ် စကားလေးနဲ့ ဝေဖန်ရရင် စတင်းကို ဘဝတစ်ခု လုပ်နေတယ် ပေါ့။ တတ်နိုင်ဘူး လေ လူဆိုတာ ကိုယ် ယုံကြည်တာ ရူးကြရတာပဲ။ ရူးသွပ်မှု မပါတဲ့ အောင်မြင်မှု ရှိနိုင်ပါ့မလား လို့။

မွန်းစတား ဂိမ်းတောင် မကစားဖြစ်တာ နှစ်ရက်လောက် ရှိသွားပြီ။ ဖလားတွေ ပြန်ပြင်ထားတာရယ်၊ Q မှာက ကိုယ်အား အနည်းဆုံး သရဲ အတွဲ ပေါ်နေတာရယ် ကြောင့် သွားမထိသေးတာ။ အောက်တန်း လိဂ် တွေမှာ ကဒ် အမြင့် သမားတွေ နည်းပါးတော့မှ ကစားလိုက်ရင် ငါးပွဲနိုင်ဖို့ ဆိုတာ ဘာမှ ကြာတာမဟုတ်ဘူး။ ဒီလိုမှ မဟုတ်ရင် သရဲအတွဲ နဲ့ ငါးပွဲ နိုင်ဖို့ ငါးနာရီလောက်ကြာ သွားနိုင်ပါတယ်။ ပြီးတော့ အရင်က မွန်းစတား ဂိမ်းကို အမုန်းစွဲဖို့ စိတ်ကူးထားခဲ့ ပေမယ့် အခုတော့ စိတ်ပြေ လက်ပျောက် သာ ဝင်ကစား နိုင်ပါတော့တယ်။ ကဒ်တွေက တော့ တစ်ရာသီထက် တစ်ရာသီ ပိုမို တောင့်တင်း လာတာတော့ အမှန်ပါပဲ။

ဆေးဝါး ဂိမ်းကတော့ ဘာဖြစ်နေလဲ မပြောတတ်ဘူး။ ပုံမှန် မကစားဖြစ်ရင် သိမ်းမယ် ဆိုလားပဲ။ အဲ့ ကတည်းက ဝင်မကြည့်တော့ တာ ခုထိပဲ။ သိမ်းမယ် ဆိုလည်း ကောင်းပါတယ်။ အာရုံနောက် စရာ ဂိမ်းတစ်ခု ရှင်းသွားတာပေါ့ ဗျာ။ ဆေးဝါး ဂိမ်းက ကျွန်တော့ အတွက် လွမ်းလောက်စရာ ဘာမှ ရှိတော့တာ မဟုတ်တော့ ပြောအား ရှိတာပေါ့ ဗျာ။ 😁😁😁

Written by @aggamun

Posted from my blog with SteemPress : https://steemhosting.com/aggamun/?p=162

properties (23)
authoraggamun
permlinkmissiontimeaggamun-a3ca85jj60
categorymyanmar
json_metadata{"community":"steempress","app":"steempress","image":[""],"tags":["myanmar","nextcolony","palnet","steemleo","steempress"],"canonical_url":"https://steemhosting.com/aggamun/?p=162"}
created2019-10-04 11:31:03
last_update2019-10-04 11:31:03
depth0
children0
last_payout2019-10-11 11:31:03
cashout_time1969-12-31 23:59:59
total_payout_value0.524 HBD
curator_payout_value0.614 HBD
pending_payout_value0.000 HBD
promoted0.000 HBD
body_length2,174
author_reputation14,736,277,428,382
root_title"Mission time (@aggamun)"
beneficiaries
0.
accountsteempress
weight1,500
max_accepted_payout1,000,000.000 HBD
percent_hbd10,000
post_id91,218,851
net_rshares4,816,910,971,487
author_curate_reward""
vote details (23)