create account

UEFA Nations League by donjaun

View this thread on: hive.blogpeakd.comecency.com
· @donjaun ·
$0.48
UEFA Nations League
![](https://images.ecency.com/DQmb64j4ort7yHSTc2AmQiVysmCkq3SHCZq5wzp87YNSD3d/1749044499898.jpg)

ဘောလုံးပွဲတွေ ပြီးသွားခဲ့ပြီ။ လုံးဝ အကုန် ပြီးသွားတာတော့ မဟုတ်ပေ။ ပုံမှန် ကစားနေကြ လိဂ်ဘောလုံးရာသီတွေကတော့ ပြီးသွားခဲ့ပြီ ဖြစ်၏။ နိုင်ငံအသင်း ပွဲစဉ်တွေ၊ ချစ်ကြည်ရေး ခြေစွမ်းပွဲတွေ၊ FIFA Club World Cup လို ပြိုင်ပွဲတွေတော့ ရှိနေပါသေး၏။ ပွဲကြီး ပွဲကောင်းတွေတော့ သိပ် မရှိတော့ပေ။ UEFA Nations League A Semi Final & Final ပွဲစဉ်တွေတော့ ရှိနေပါသေး၏။ 

June 5 ရက်နေ့ မှာ Germany vs Portugal, June 6 ရက်နေ့မှာ Spain vs France တို့၏ Semi Final ပွဲစဉ်များ ကစားကြမည် ဖြစ်၏။ 3 rd place ကိုတော့ June 8 ရက်နှင့် ဗိုလ်လုပွဲစဉ်ကိုတော့ June 9 ရက်နေ့တွေမှာ ယှဉ်ပြိုင် ကစားသွားမည် ဖြစ်၏။ ဇုန်အလိုက် World Cup Qualification ပွဲစဉ်တွေလည်း ယှဉ်ပြိုင် ကစားသွားဖို့ ရှိနေပါသေး၏။ မြန်မာ လက်ရွေးစဉ် အသင်းကတော့ Asian Cup Qualification ကစားသွားဖို့ ရှိပါ၏။

လိဂ် ပွဲစဉ်များ ပြန်မစခင် August လအထိတော့ ပျင်းဖို့ မရှိပေ။ သူ့ဟာနဲ့သူတော့ ကြည့်ကောင်းသည့် ပွဲစဉ်တွေ ပါဝင်နေပါ၏။ ကြည့်ရှု အားပေးရပေလိမ့်ဦးမည်။ လိဂ်ပွဲစဉ်တွေ မလာခင် ရသေ့စိတ်ဖြေပေါ့။


![](https://images.ecency.com/DQmPFHAdasitfQaK2Ne9H1cGa3TWTB1vmaosGkcnisD7Whs/1749044499851.jpg)


လာမယ့် ဘောလုံးရာသီက United အတွက် လွယ်ကူမည့် ရာသီတခုတော့ မဟုတ်ပေ။ အသင်း အနေဖြင့် မည်သည့် ဥရောပ ဖလားပြိုင်ပွဲမှ ဝင်ခွင့်မရခဲ့သောကြောင့် EPL ကိုသာ အာရုံစိုက်သွားဖို့ ရှိနေခဲ့၏။ ရလဒ် မဆိုးအောင်၊ မရှုံးအောင် ကစားသွားဖို့ လိုမည်။ ရှုံးတာနဲ့ ပြောမယ့်သူတွေက စောင့်နေကြပြီး။ မောင်မောင်လွင် ဂိုးသွင်းတာတောင် ခံရတဲ့အသင်းကို ဘာတွေ မျှော်လင့်ဆိုပြီး လက်ပံပင် ဆက်ရက်ငှက် ကျသည့်အလား ပြောဆိုကြပေလိမ့်မည်။

အသင်း အနေဖြင့် ပြီးခဲ့သည့် ဘောလုံးရာသီက ရလဒ်တွေ ဆိုးရွားခဲ့တာတောင် တန်ဖိုး အရှိဆုံး အသင်းများ စာရင်းမှာ Real Madrid နောက် ဒုတိယနေရာမှာ ရပ်တည်နေ၏။ United ဆိုတာ ဒါမျိုးကွ ဆိုပြီး ဂုဏ်ယူလို့ရ၏။ လာမယ့် ရာသီမှာ ကစားသမား အပြောင်းအလဲတွေ နှင့်အတူ နည်းပြ Amorim တယောက် ဘာတွေ ဘယ်လောက်ထိ စွမ်းဆောင်ပြသွားမလဲကိုတော့ စိတ်ဝင်စားစွာ ‌စောင့်ကြည့်ရပေလိမ့်ဦးမည်။

_(photos from UEFA Nations League & FIFA pages)_
👍  , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , and 85 others
properties (23)
authordonjaun
permlinkuefa-nations-league
categoryhive-122133
json_metadata{"links":[],"image":["https://images.ecency.com/DQmb64j4ort7yHSTc2AmQiVysmCkq3SHCZq5wzp87YNSD3d/1749044499898.jpg","https://images.ecency.com/DQmPFHAdasitfQaK2Ne9H1cGa3TWTB1vmaosGkcnisD7Whs/1749044499851.jpg"],"image_ratios":[0.8,1],"type":"post","tags":["hive-122133","myanmar","palnet","proofofbrain","creativecoin","neoxian","waiv","hivelist","sports","football"],"app":"ecency/3.3.3-mobile","format":"markdown+html"}
created2025-06-04 13:43:00
last_update2025-06-04 13:43:00
depth0
children0
last_payout2025-06-11 13:43:00
cashout_time1969-12-31 23:59:59
total_payout_value0.250 HBD
curator_payout_value0.233 HBD
pending_payout_value0.000 HBD
promoted0.000 HBD
body_length1,896
author_reputation86,969,620,417,487
root_title"UEFA Nations League "
beneficiaries[]
max_accepted_payout1,000,000.000 HBD
percent_hbd10,000
post_id143,159,511
net_rshares1,509,997,058,216
author_curate_reward""
vote details (149)