create account

We are Cygnus by donjaun

View this thread on: hive.blogpeakd.comecency.com
· @donjaun ·
$0.50
We are Cygnus
![t5n9axz4v5.jpg](https://img.esteem.ws/t5n9axz4v5.jpg)

Premier League ပွဲများ ပြန်လည်ပြီး စတင်လာခဲ့သလို ကျနော်တို့ Futsal အသင်းလေးသည်လည်း တပတ်လျှင် (၂) ကြိမ် မှန်မှန်လေး ကန် ဖြစ်ခဲ့၏။ တခါတလေဆို တပတ်အတွင်းမှာကို (၃) ကြိမ်ထိ ကန်ဖြစ်သည့် အခါလည်း ရှိ၏။ ခုနောက်ပိုင်း အကြောင်းအမျိုးမျိုးကြောင့် ကျနော်တို့ အသင်းလေးသည် ယခင်လောက် လူမများတော့ပေ။ အစ ကနဦးတုန်းက (၁၅) ရောက်လောက် ရှိသော အသင်းသည် ယခုအခါမှာ (၁၀) ပင် မပြည့်ချင်ချင်။

ယခင် (၃) သင်း ပတ်လည် ကန်ခဲ့ရသည့် လူဦးရေက ခုခါမှာတော့ မောလျှင်တောင် လဲဖို့ (လူစားထိုး) လူမရှိပေ။ ကျန်းမာရေးကြောင့်၊ အလုပ်မအားလို့ အစရှိသည့် အကြောင်းကိစ္စ အမျိုးမျိုးကြောင့် ကျနော်တို့ အသင်း လူမစုံ လူမများတော့ခြင်း ဖြစ်၏။ တခါတလေ လူမပြည့်လို့ (လူ (၁၀) ယောက် မပြည့်ဘဲ (၈) ယောက်ပဲ ရှိသဖြင့်) တဖက် (၄) ယောက်စီ ခွဲပြီးကန်ခဲ့ရသည့် အခါမျိုးလည်း ရှိ၏။ တခါတခါကျ (၉) ယောက်ပဲ ရှိသဖြင့် ကွင်းမှ အချိန် မှတ်ပေးသည့် ညီလေးကို ၀င်ကန်ပေးဖို့ ပြောရသည့် အခါမျိုးလည်း ရှိ၏။

လူမစုံ မပြည့်ပေမယ့် ကျတော်တို့ အသင်းသည် ပုံမှန် ကန်သည့်ရက်များတွင်တော့ မပျက်မကွက်ကို ကန်ကြ၏။ တသင်းလုံး နားဖြစ်သည့် ရက်ဆိုလို့ မှတ်မှတ်ရရ (၂) ကြိမ်လားပဲ ရှိ၏။ (၁) နှစ်အတွင်းမှာကိုပေါ့။ ဤသည်ကို ကြည့်ခြင်းဖြင့် ကျနော်တို့ အဖွဲ့သည် ဘောလုံး အားကစား အထူးသဖြင့် Futsal အားကစားနည်းကို ခုံမင်စွာ ကစား ဖြစ်ကြသည်ဟု ပြောလို့ရ၏။ အသင်း အနေဖြင့်လည်း တဖြည်းဖြည်း တိုးတက် ပြောင်းလဲ လာခဲ့၏။ စကန်စတုန်းကနှင့် တခြားစီဟုပင် ပြောရလောက်အောင်ပင် တော်တော်လေး ပြောင်းလဲလာခဲ့၏။




အဖွဲ့ထဲမှ သိပ်မကန်တတ်သည့် သူငယ်ချင်းပင်လျှင် တော်တော်လေး ကန်တတ်လာပြီ ဖြစ်၏။ အခြားအခြားသော သူများလည်း တိုးတက်လာကြပြီ ဖြစ်၏။ ကျနော်ပင်လျှင် ယခင်ထက် ပိုပြီး ကစားလာနိုင်ခဲ့၏။ ထို့ပြင် အမောလည်း ပိုပြီး ခံနိုင်လာခဲ့၏။ သက်လုံပိုင်း အတော်လေး တက်လာခဲ့၏။ ယခင် တိုက်ကွမ်ဒို ဆော့တုန်းကလို အခြေအနေမျိုး မဟုတ်ပေမယ့် စိတ်ပိုင်းဆိုင်ရာ အားဖြင့်တော့ ယခင်လိုပဲ ပြန်လည် တိုးတက် ကောင်းမွန် အားရလာခဲ့၏။

အားကစားသည် အကျိုးထူးလှပေ၏။ အဖွဲ့ထဲက အကိုတယောက် သူ့ဘောင်းဘီတွေ ချောင်ကုန်လို့ ပျော်ရွှင်စွာ ညီးညူနေ၏။ ပျော်တာက ပိန်သွားလို့ ညီးညူက ၀ယ်ထားသည့် အ၀တ်၊ ဘောင်းဘီက ချောင်သွားလို့။ ခါးပတ်နှင့် ၀တ်ပေါ့ဟု ကျနော်က ပြောတော့ ခါးပတ်နဲ့ ၀တ်လို့ ရမှန်းတော့ သိတယ်။ ဒါပေမယ့် ဘောင်းဘီ size က ကြီးပြီး ခါး size က ငယ်သွားတော့ ခါးနားမှာ တွန့်နေမှာ။ ဟ အပေါ်က အင်္ကျီနဲ့ ဖုံးနေမှာပဲကို ဘယ်သူသိတာ မှတ်လို့ဟု ကျနော်က ပြောတော့ ငါသိတယ်လေဟု သူကိုယ်တိုင်က ဆို၏။ ကျနော်တို့ သူငယ်ချင်း တသိုက်က ထိုကဲ့သို့ ရယ်ရ၏။

မည်သို့ပင် ဆိုစေ ကျန်းမာရေးလည်း ဖြစ်၊ သူငယ်ချင်းတွေလည်း တပျော်တပါးနှင့် တွေ့ဆုံရသဖြင့် ပျော်ဖို့ကောင်းလှ၏။ အချင်းချင်း ဆိုတော့ ပြိုင်ပွဲများလို ပြိုင်ဆိုင်မှု မပြင်းထန်ပေမယ့် ထိုက်သင့်သည့် အားစိုက်ထုတ်မှုတော့ ရှိကြသည်။ ကျနော်တို့ ရယ်ရွယ်ချက်က ပျော်ရွှင်ဖို့ပဲ မဟုတ်လား။


# **Don Jaun**
**MSC 31**

👍  , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , , and 97 others
properties (23)
authordonjaun
permlinkwe-are-cygnus
categorymyanmar
json_metadata{"image":["https://img.esteem.ws/t5n9axz4v5.jpg"],"tags":["myanmar","esteem-my","esteem","football","palnet"],"app":"esteem/2.0.0-mobile","format":"markdown+html","community":"esteem.app"}
created2019-08-24 12:08:57
last_update2019-08-24 12:08:57
depth0
children0
last_payout2019-08-31 12:08:57
cashout_time1969-12-31 23:59:59
total_payout_value0.258 HBD
curator_payout_value0.238 HBD
pending_payout_value0.000 HBD
promoted0.000 HBD
body_length2,489
author_reputation72,213,078,112,812
root_title"We are Cygnus"
beneficiaries
0.
accountesteemapp
weight1,000
max_accepted_payout1,000,000.000 HBD
percent_hbd10,000
post_id89,896,533
net_rshares2,372,507,198,070
author_curate_reward""
vote details (161)