create account

Btarmin by kyawthihaa

View this thread on: hive.blogpeakd.comecency.com
· @kyawthihaa ·
Btarmin
ခန္ဓာကိုယ်မှာ လိုအပ်တဲ့ ဗီတာမင်ဓာတ်တွေဟာ မျှတမှ ကျန်းကျန်းမာမာနဲ့ လှုပ်ရှားဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။
မျှတဲ့စားသောက်ပုံစံစနစ်က ကိုယ်ခန္ဓာကျန်းမာသန်စွမ်းမှုကိုပေးစွမ်းနိုင်သလို လိုအပ်တဲ့ဗီတာမင်တွေ ချို့တဲ့ရင်လည်း ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

ဗီတာမင်တွေချို့တဲ့နေကြောင်း သိနိုင်တဲ့လက္ခဏာတွေကို WowBox ပရိသတ်ကြီးအတွက် ပြောပြပေးလိုက်ပါတယ်။

(၁) ဆံပင်တွေကျွတ်တာ

ရောဂါကြီးကြီးမားမား မရှိဘဲဆံသားတွေ ဆုံးရှုံးနေပြီဆိုရင် ဒါကတော့ ဗီတာမင် B7 မလုံလောက်လို့ ဖြစ်တာဖြစ်ပြီး ကြက်ဥအစိမ်းတွေ စားတာများတဲ့သူတွေ ဖြစ်တာပိုများပါတယ်။

ဒီပြဿနာကို ဖြေရှင်းဖို့အတွက် ဆိုရင်တော့ ပျားရည်၊ ပဲပုပ်၊ အာလူးနဲ့ ငှက်ပျောသီးတွေကို စားသုံးပေးသင့်ပါတယ်။

(၂) ခဏခဏကြွက်တက်ခြင်း

မကြာခဏ ကြွက်တက်တာဟာ ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နဲ့ ပိုတက်ဆီယမ်တွေလိုအပ်တာကြောင့် ဖြစ်ပါတယ်။ ဒါကိုဖြေရှင်းဖို့ဆိုရင်တော့ အစေ့အဆံတွေနဲ့ ဖရုံသီး၊ ငှက်ပျောသီးနဲ့ ပန်းသီတွေကို စားသုံးသင့် ပါတယ်။

(၃) ခြေထောက်တွေလက်တွေထုံကျဉ်ခြင်း

ဒါကတော့ ဗီတာမင် B6 ၊ B12 နဲ့ B9 တို့လိုအပ်တာကြောင့်ဖြစ်ပါတယ်။ ဒီဗီတာမင်ဓာတ်တွေဟာ ကျန်းမာတဲ့ ဆဲလ်တွေကို ထုတ်လုပ်ပေးတာဖြစ်ပြီး အဲဒီဆဲလ်တွေကလည်း အောက်ဆီဂျင်တွေပို့ဆောင်ပေးဖို့ အထောက်အ ကူပြုပါတယ်။

ဒီအတွက်ဆိုရင်တော့ ပဲအမျိုးမျိုး၊ ရှောက်သီး၊ ပင်လယ်စာအမျိုးမျိုးနဲ့ ကြက်၊ ဘဲတွေကိုပါစားသုံးပေးသင့်ပါ တယ်။

(၄) မျက်သားဝါနေခြင်း

မျက်လုံးအတွင်းက မျက်သားတွေဝါနေတာကတော့ ဗီတာမင် B12 ချို့တဲ့တာကြောင့် ဖြစ်ပါတယ်။ ဗီတာမင် B12 ကိုတော့ အမဲသား၊ ကြက်သည်းမြစ်၊ နွားနို့၊ ဆော်လမွန်နဲ့ တူနာငါးတွေမှာ ရနိုင်ပါတယ်။

(၅) သွားတစ်ရှူးတွေထိခိုက်ခြင်း

ဗီတာမင်ဒီ ချို့တဲ့ရင် သွားတစ်ရှူးတွေထိခိုက် ပျက်စီးနိုင်ပါတယ်။ ကယ်လ်ဆီယမ်၊ ဖော့စဖောရက်နဲ့ ဗီတာမင်ဒီ တွေဟာ သွားကျန်းမာရေးအတွက် အရေးပါတဲ့ ဗီတာမင်တွေဖြစ်ပါတယ်။ နို့ထွက်ပစ္စည်းအမျိုးမျိုး၊ ဆန်လုံးညို၊ ခရမ်းချဉ်သီး၊ ငါးအမျိုးမျိုးနဲ့ စပျစ်သီးတွေကို စားသုံးသင့်ပါတယ်။
👍  ,
👎  
properties (23)
authorkyawthihaa
permlinkbtarmin-fde254cce0ea3
categoryesteem-goodkarma
json_metadata{"tags":["esteem-goodkarma","life","time"],"app":"esteem/1.5.1","format":"markdown+html","community":"esteem"}
created2018-04-04 07:07:06
last_update2018-04-04 07:07:06
depth0
children0
last_payout2018-04-11 07:07:06
cashout_time1969-12-31 23:59:59
total_payout_value0.000 HBD
curator_payout_value0.000 HBD
pending_payout_value0.000 HBD
promoted0.000 HBD
body_length1,654
author_reputation118,889,954,075
root_titleBtarmin
beneficiaries
0.
accountesteemapp
weight1,000
max_accepted_payout1,000,000.000 HBD
percent_hbd10,000
post_id48,250,505
net_rshares-3,298,553,802
author_curate_reward""
vote details (3)