create account

တစ်​ခါတစ်​ရံ၌ အချစ်​သည်​...(၂) by nandasai

View this thread on: hive.blogpeakd.comecency.com
· @nandasai · (edited)
$6.18
တစ်​ခါတစ်​ရံ၌ အချစ်​သည်​...(၂)
အပိုင်း(၁)အား [ဒီ​နေရာ](https://steemit.com/myanmar/@nandasai/ts-khats-yaan-aundefineds-thny) မှပြန်​လည်​ဖတ်​ရှုနိုင်​သည်​။ချစ်​သူနှစ်​ဦးအတွက်​ နှုတ်​ဆက်​အလွမ်းဖွင့်​ခန်းမှာ ​ကြေကွဲစရာ​ကောင်းလွန်း​နေပါသည်​။မခွဲခွါချင်​​ပေမဲ့ အ​ခြေအ​နေအရ ခွဲခွါရပါဦးမည်​။ခင်​ထားတစ်​​ယောက်​ မျက်​ရည်​စများ ထွက်​ကျလာသည်​။ကျော်​စွာလည်း မျက်​ရည်​မကျအာင်​ တင်းခံ​နေရင်းက မျက်​ရည်​များက အလိုလိုထွက်​ကျလာပါ​တော့သည်​။အချစ်​စစ်​တို့ ​လျှောက်​ရာလမ်းသည်​ အမြဲမ​ဖြောင့်​ဖြူးနိုင်​ ဆိုသည်​မှာမှန်​ကန်​​နေသည်​လား။

နောက်​တစ်​​နေ့။

နေမင်းကြီးက သူ၏တစ်​​နေ့တာ တာဝန်​အတွက်​အ​ရှေ့အရပ်​မှ ပြူထွက်​လာ​ချေပြီ။ကျော်​စွာတစ်​​ယောက်​ ​ကျောပိုးအိတ်​ တစ်​လုံးနှင့်​ မိမိရွှာ​လေးအား လှည့်​ကြည့်​ လှည့်​ကြည့်​ဖြင့်​ ​ကျောခိုင်းထွက်​ခွာလာခဲ့​တော့သည်​။![Evening_sun_reflection.jpg](https://steemitimages.com/DQmVq8yTX4jcgcLpAgZ6MbNDovmdbYnMFRmcBypRLDTGzfd/Evening_sun_reflection.jpg)

နေရစ်​ဦး​တော့ခင်​ရယ်​။ပျော်​ရာမှာမ​နေရ ​တော်​ရာမှ​နေရ ဆိုသည့်​အတိုင်း ခင်​နှင့်​နီးစပ်​နိုင်​ဖို့ ကြိုးစားရ​ပေဦးမည်​။ထိုနှင့်​ ​ကျော်​စွာတစ်ယောက်​ သူ၏သူငယ်​ချင်းများဖြင့်​ ထိုင်းနိုင်​ငံသို့ ခရီးဆက်​ခဲ့​လေသည်​။ဟိုတစ်​​ယောက်​ ဒီတစ်​​ယောက်​နှင့်​​ကျော်​စွာတို့အဖွဲ့က လူ​တော့အများသား။သို့​သော်​ ​ကျော်​စွာတို့မှာ ​မှောင်​ခိုလမ်းက သွားရမည်​ဖြစ်​သည်​။တောလမ်းက ဖြတ်​ရမည်​။လမ်းစရိတ်​အတွက်​ ​တပြားမှ​ပေးစရာမလို။အထဲ​ရောက်​မှ အလုပ်​လုပ်​ပြီး ရသည့်​လုပ်​အားခစထဲကနည်းနည်းစီ ဖြတ်​ယူမည်​ဟု​ပြောသည်​။အခုလိုကျ ဟန်​ကျသား။ဘယ်​လိုပဲဖြစ်​ဖြစ်​ စရိတ်​မကုန်​ရသည်​မို့ ​ကျော်​စွာ​တော့ ​ကျေနပ်​​နေမိ​တော့သည်​။ကျော်​စွာတို့ ကားစီးလာခဲ့တာ ဆိုရင်​ဖြင့်​ နယ်​စပ်​​ဒေသတို့​ရောက်​ရှိခဲ့ပြီ။နယ်​စပ်​ ​တောလမ်း​ရောက်​​တော့ ကားကိုရုတ်တရက်​​ရပ်​လိုက်​သည်​။ပြီး​နောက်​ ကား​ခေါင်းထဲမှ ​ကျော်​စွာတို့အား စရိတ်​ခံပေး​သော သူ​ဋ္ဌေးထွက်​လာပြီး ​နယ်​စပ်​​ရောက်​​နေပြီဖြစ်​​ကြောင်း၊ထိုင်းနိုင်​ငံသို့ဝင်​ရင်​ ကားအား အလုံပိတ်​ရမည်​ဖြစ်​​ကြောင်း ​ပြောပါ​တော့သည်​။မှောင်​ခိုနှင့်​သွားရမည်​ဖြစ်​​သော​ကြောင့်​ သူ​ဋ္ဌေး​ပြောသည့်​အတိုင်း လုပ်​ရမည်​မှအပ မရှိပါ။ထို့​နောက်​ကားအား မိုးကာများဖြင့်​အုပ်​လိုက်​ပါ​တော့သည်​။ဘာအသံကြားကြား ​ချောင်းမကြည့်​ရန်​ သူ​ဌေးကဆက်​​ပြောလိုက်​သည်​။ကျော်​စွာတို့လည်း မိုးကာ​အောက်​ဝယ်​တုတ်​တုတ်​​မျှမလုပ်​ဘဲ လိုက်​ပါခဲ့ရသည်​။![Facebook 1050156165022266 - JPG.jpg](https://steemitimages.com/DQmcC1ievLjksHoZmJLLWGSEPXtbPCKRoyW978swfTJxYA6/Facebook%201050156165022266%20-%20JPG.jpg)

ကားမှာလည်း အရှိန်​ပြင်းစွာဖြင့်​ ​မောင်းနှင်​လာ​တော့သည်​။ကျော်​စွာခမျာ နည်းနည်း​ကြောက်​စိတ်​ဝင်​လာပါသည်​။သို့​သော်​ မိမိတစ်​​ယောက်​တည်းမဟုတ်​ပါဘူး​လေဆိုသည့်​ စိတ်​နှင့်​ မိမိကိုယ်​မိမိ နှစ်​သိမ့်​ထားခဲ့ရသည်​။ကားကဘယ်​ကို​မောင်း၍​မောင်း​နေမှန်းမသိ။သိချင်​စိတ်​များ ဖြင့်​ အပြင်​ကိုကြည့်​ချင်​မိ​သော်​လည်း သူ​ဌေး၏စကားများ​ကြောင့်​ မကြည့်​ရဲ။စီးလာသည့်​ကားမှာလည်း အခု​တော့ ငြိမ်​၍ အရှိန်​ပိုပြင်းလာသည်​။ကားဟွန်းသံများလည်း ကြားလာရသည်​။ထိုင်းနိုင်​ငံထဲ​ရောက်​​နေပြီဟု ​ကျော်​စွာတစ်​​ယောက်​​တွေးထင်​​​နေမိသည်​။

ဟော ကားရပ်​လိုက်​ပြီ ​ရောက်​ပြီထင်​သည်​။ကျော်​စွာတစ်​​ယောက်​အပြင်​ကို အရမ်းကြည့်​ချင်​မိသည်​။မနက်​ကတည်းက ထမင်း​ကြော်​တစ်​ပွဲနှင့်​သာ ဗိုက်​ဖြည့်​ခဲ့ရသည်​မို့ ဂလု ဂလုနှင့်​အရမ်းဆာ​လောင်​​နေလွန်းသည်​။

"ကဲ ဆင်းလို့ရပြီ"အပြင်​မှ ​အော်​သံနှင့်​အတူမိုးကာအားလှန်​ဖွင့်​လိုက်​သည်​။ဒါဘယ်​​ရောက်​​နေပါလိမ့်​ဟု အချင်းချင်း​မေးကြရင်း မျက်​လုံးများပွတ်​သပ်​ကြည့်​ကြ​တော့သည်​။ကွင်းပြင်​ကြီးထဲ က ဂို​ဒေါင်​​လေးတစ်​လုံး။ပြီး​တော့ ခက်​ထန်​​သောမျက်​လုံးများဖြင့်​ကြည့်​​နေကြ​သော လူတစ်​စု။ထိုလူစုများထဲမှ ​ခေါင်း​ဆောင်​ဟုထင်​ရ​သော လူက ပစ္စတိုကို ခါးထိုးထားလို့။ထိုလူမှ ထိုင်းစကားဖြင့်​ ​ကျော်​စွာတို့ သူ​ဌေးအား တစ်​စုံတစ်​ခု​လှမ်း​ပြောလိုက်​သည်​။သူ​ဌေးက ​ကျော်​စွာတို့အား ဒီထိုင်းသူ​ဌေးထံ အလုပ်​လုပ်​ရမည်​ဖြစ်​​ကြောင်း ရှင်းပြလိုက်​သည်​။လုပ်​အားခလည်း ​ပြောထားပြီးပြီဖြစ်​​ကြောင်းဆက်​ပြီး ​ပြောလိုက်​ပါသည်​။သူ​ဌေးလည်း ထိုသို့​ပြောပြီး ကားအားပြန်​​မောင်းထွက်​သွား​တော့သည်​။ထို့​နောက်​ ​ကျော်​စွာတို့အဖွဲ့အား ဂို​ဒေါင်​ထဲသို့​ခေါ်​ဆောင်​သွားသည်​။![380588.jpg](https://steemitimages.com/DQmZL4HTzpGZGPuGC4m7Kroq9iDB3Xrd5Dfbed4EyJvdZaa/380588.jpg)

ဂို​ဒေါင်​ထဲ​ရောက်​လျှင်​ အကြီးအကဲတစ်​ဦးမှလူခွဲခိုင်း​တော့သည်​။ထိုထဲမှ စကားပြန်​တစ်​ဦးက ဘာသာပြန်​​ပေးသည်​။လူကြီးပိုင်းအဖွဲ့နှင့်​လူငယ်​ပိုင်းအဖွဲ့ပင်​။ကျော်​စွာက​တော့ လူငယ်​ပိုင်းအဖွဲ့ထဲ ပါ​သွား​တော့သည်​။။အဖွဲ့နှစ်​ဖွဲ့ခွဲပြီး ကား​တစ်​စီး​ရောက်​လာပြန်​သည်​။ကား​ပေါ်မှ လူနှစ်​​ယောက်​ဆင်းလာပြီးထိုင်းဘာသာဖြင့်​ အကြီးအကဲဖြစ်​ဟန်​တူ​သောလူကို လှမ်း​မေးလိုက်​သည်​။ထို့​နောက်​မှာ​တော့ ​ကျော်​စွာတို့လူုယ်​ပိုင်းအဖွဲ့အား ထိုကား​ပေါ်သို့တက်​ခိုင်း​ပါ​တော့သည်​။နောက်​တစ်​တစ်​​နေရာ သွားရမည်​ဟု စကားပြန်​မှ​ပြောပြသည်​။ဗိုက်​ဆာ​နေကြ​သော ​ကျော်​စွာတို့အဖွဲ့မှ စကားပြန်​အား ထမင်းစားချင်​​ကြောင်း၊ထမင်းအနည်းငယ်​စားပြီးမှ သွားမည်​ဟု ကား​ပေါ်မတက်​ဘဲ ဆန္ဒပြကြ​တော့သည်​။စကားပြန်​ကလည်း မချြိ့ပုံး ပြုံးပြီး

"မင်းတို့ကို ခိုင်းဖို့​ဝယ်​ထားတာကွ ​ကျွေးဖို့ဝယ်​ထားတာမဟုတ်​ဘူး နားလည်​လား ​ပြောရင်​​ပြောတဲ့အတိုင်းလုပ်​ ဒီမှာ​တွေ့လား"ဆိုပြီး ခါးကြားထဲထိုးထား​သော ပစ္စတို ​သေနတ်​နဲ့ ချိန်​လိုက်​ပါ​တော့သည်​။ထိုအခါမှ ​ကျော်​စွာတို့အဖွဲ့ ​ကောင်း​ကောင်းနားလည်​လိုက်​​သည်​။သူတို့အား မြန်​မာနိုင်​ငံမှ ပွဲစားက ထိုင်းပွဲစားထံ​ရောင်းစားခြင်းခံရပြီဟု။ကျော်​စွာ စိတ်​ဓာတ်​ကျသွား​ချေပြီ။ပြေးလျှင်​လည်း လွတ်​လမ်းကမမြင်​။သူတို့လက်​ထဲ၌​သေနတ်​များက အဆင်​သင့်​။ပြီး​တော့ ကိုယ့်​နိုင်​ငံမဟုတ်​သည်​က တစ်​​ကြောင်း..။ကျော်​စွာ ​ဘာလုပ်​ရမည်​နည်း။သူတို့ပြုသမျှနုရ​တော့မည်​။![sai-1.png](https://steemitimages.com/DQmc5RatY29rKn6eryBB8oRPKFevAjKrFA53XCHa4Q7uP2R/sai-1.png)

ဆက်​လက်​​ကြိုးစား​ရေးသားပါဦးမည်​။

Author by @nandasai(MSC.076)

Photos from Google image

properties (23)
authornandasai
permlink6fbrkp-ts-khats-yaan-aundefineds-thny
categorymyanmar
json_metadata{"tags":["myanmar","romantic","love","idea"],"users":["nandasai"],"image":["https://steemitimages.com/DQmVq8yTX4jcgcLpAgZ6MbNDovmdbYnMFRmcBypRLDTGzfd/Evening_sun_reflection.jpg","https://steemitimages.com/DQmcC1ievLjksHoZmJLLWGSEPXtbPCKRoyW978swfTJxYA6/Facebook%201050156165022266%20-%20JPG.jpg","https://steemitimages.com/DQmZL4HTzpGZGPuGC4m7Kroq9iDB3Xrd5Dfbed4EyJvdZaa/380588.jpg","https://steemitimages.com/DQmc5RatY29rKn6eryBB8oRPKFevAjKrFA53XCHa4Q7uP2R/sai-1.png"],"links":["https://steemit.com/myanmar/@nandasai/ts-khats-yaan-aundefineds-thny"],"app":"steemit/0.1","format":"markdown"}
created2018-01-21 17:12:54
last_update2018-01-21 17:18:06
depth0
children4
last_payout2018-01-28 17:12:54
cashout_time1969-12-31 23:59:59
total_payout_value5.472 HBD
curator_payout_value0.706 HBD
pending_payout_value0.000 HBD
promoted0.000 HBD
body_length5,303
author_reputation981,244,474,639
root_title"တစ်​ခါတစ်​ရံ၌ အချစ်​သည်​...(၂)"
beneficiaries[]
max_accepted_payout1,000,000.000 HBD
percent_hbd10,000
post_id31,154,915
net_rshares539,760,187,988
author_curate_reward""
vote details (10)
@kyawthetaung ·
waiting for your next part.
properties (22)
authorkyawthetaung
permlinkre-nandasai-6fbrkp-ts-khats-yaan-aundefineds-thny-20180122t022234862z
categorymyanmar
json_metadata{"tags":["myanmar"],"app":"steemit/0.1"}
created2018-01-22 02:22:45
last_update2018-01-22 02:22:45
depth1
children1
last_payout2018-01-29 02:22:45
cashout_time1969-12-31 23:59:59
total_payout_value0.000 HBD
curator_payout_value0.000 HBD
pending_payout_value0.000 HBD
promoted0.000 HBD
body_length27
author_reputation299,296,738,215
root_title"တစ်​ခါတစ်​ရံ၌ အချစ်​သည်​...(၂)"
beneficiaries[]
max_accepted_payout1,000,000.000 HBD
percent_hbd10,000
post_id31,258,180
net_rshares0
@nandasai ·
Ok thank
properties (22)
authornandasai
permlinkre-kyawthetaung-re-nandasai-6fbrkp-ts-khats-yaan-aundefineds-thny-20180122t033920423z
categorymyanmar
json_metadata{"tags":["myanmar"],"app":"steemit/0.1"}
created2018-01-22 03:39:30
last_update2018-01-22 03:39:30
depth2
children0
last_payout2018-01-29 03:39:30
cashout_time1969-12-31 23:59:59
total_payout_value0.000 HBD
curator_payout_value0.000 HBD
pending_payout_value0.000 HBD
promoted0.000 HBD
body_length8
author_reputation981,244,474,639
root_title"တစ်​ခါတစ်​ရံ၌ အချစ်​သည်​...(၂)"
beneficiaries[]
max_accepted_payout1,000,000.000 HBD
percent_hbd10,000
post_id31,273,103
net_rshares0
@minthwayko ·
ဖတ်လို့ကောင်းပါတယ် အစ်ကို
properties (22)
authorminthwayko
permlinkre-nandasai-6fbrkp-ts-khats-yaan-aundefineds-thny-20180121t174206397z
categorymyanmar
json_metadata{"tags":["myanmar"],"app":"steemit/0.1"}
created2018-01-21 17:42:12
last_update2018-01-21 17:42:12
depth1
children1
last_payout2018-01-28 17:42:12
cashout_time1969-12-31 23:59:59
total_payout_value0.000 HBD
curator_payout_value0.000 HBD
pending_payout_value0.000 HBD
promoted0.000 HBD
body_length25
author_reputation338,726,389,142
root_title"တစ်​ခါတစ်​ရံ၌ အချစ်​သည်​...(၂)"
beneficiaries[]
max_accepted_payout1,000,000.000 HBD
percent_hbd10,000
post_id31,160,566
net_rshares0
@nandasai ·
ကျေးဇူးပါဗျာ
properties (22)
authornandasai
permlinkre-minthwayko-re-nandasai-6fbrkp-ts-khats-yaan-aundefineds-thny-20180122t033858858z
categorymyanmar
json_metadata{"tags":["myanmar"],"app":"steemit/0.1"}
created2018-01-22 03:39:09
last_update2018-01-22 03:39:09
depth2
children0
last_payout2018-01-29 03:39:09
cashout_time1969-12-31 23:59:59
total_payout_value0.000 HBD
curator_payout_value0.000 HBD
pending_payout_value0.000 HBD
promoted0.000 HBD
body_length13
author_reputation981,244,474,639
root_title"တစ်​ခါတစ်​ရံ၌ အချစ်​သည်​...(၂)"
beneficiaries[]
max_accepted_payout1,000,000.000 HBD
percent_hbd10,000
post_id31,273,035
net_rshares0