create account

သမိုင်း history by nayhlaingsoe

View this thread on: hive.blogpeakd.comecency.com
· @nayhlaingsoe ·
$0.28
သမိုင်း history
![images.jpg](https://images.ecency.com/DQmWZfrYpxA3Ad88FfrrPZiTJf6NANuwAFE6x6T6B7qJPfB/images.jpg)
photo by google

မြန်မာ့သမိုင်းမှာ သမိုင်းမှန်တွေရှိခဲ့တာဟုတ်ရဲ့လားလို့ ပြန်တွေးပြန်တယ်။ ခေတ်အဆက်ဆက် သမိုင်းပညာရှင် သမိုင်းမှန်ရောရေးခဲ့ကြလား မသိဘူး။ မင်းအဆက်ဆက် အာဏာကိုကြောက်ပြီး သမိုင်းတွေရေးခဲ့ကြတယ် ထင်ပါရဲ့။ ကုန်းဘောင်မင်းဆက် (၁၁)ဆက်ရဲ့ နောက်ဆုံးမင်းဖြစ်တဲ့ သီပေါမင်းကို အင်္ဂလိပ်တွေဖမ်းသွားတယ်လို့ သမိုင်းတွေထဲမှာတွေ့ရတယ်။ ကျွန်တော်တို့မျိုးရိုး ရှေးလူကြီးတွေရဲ့ ပါးစပ်ရာဇဝင် သမိုင်းထဲမှာ သီပေါမင်း အဖမ်းမခံရဘူးဆိုတဲ့ လျှိုဝှက်သမိုင်းအကြောင်း လူကြီးတွေက ပုံပြင်ဆန်စွာ ကျွန်တော် ကလေးဘဝက ပြောပြခဲ့ဖူးပါတယ်။ ကင်းဝန်မင်းကြီးဦးကောင်းက ငါရှိနေသ၍ ငါ့သခင် ကိုလိုနီနယ်ချဲ့အောက်မရောက်စေရဘူးဆိုပြီး အချိန်ပိုင်းအတွင်း သီပေါဘုရင်နေရာကို ရုပ်ခြင်းခွဲမရအောင်တူတဲ့ အခြားတစ်ယောက် အစားထိုးပြီး သီပေါမင်းကို ကယ်တင်ခဲ့တယ်ဆိုတဲ့ သမိုင်းဟာ ဘယ်သမိုင်းစာအုပ်မှ ရှာဖွေတွေ့ရှိခြင်းမရှိခဲ့ပါဘူး။ နောက်ပိုင်း အင်္ဂလိပ်နယ်ချဲ့လက်ထက်မှာပဲ သီပေါမင်းဟာ လူ့ဖောင်းနဲ့နေမရလို့ ရသေ့ဝတ်ပြီး သူသိမ်းဆည်းထားတဲ့ ရတနာတွေနဲ့ မန္တလေးတောင်မှာ သာသနာပြုခဲ့တဲ့ ရသေ့ကြီး ဦးခန္တီဆိုပြီး ဘိုးဘေးတွေက ပုံပြင်ဆန်ဆန်ပြောကြားခဲ့တာတွေ ကျွန်တော်ကလေးဘဝက ကြားဖူးခဲ့ပါတယ်။ သမိုင်းက ရေးတဲ့သူအမှန်လား နှုတ်စကားနဲ့ သမိုင်းပြောခဲ့တဲ့ လူကြီးတွေကအမှန်လား ဝေခွဲမရပါဘူး။ မြန်မာ့သမိုင်းထဲမှာသင်ရတယ်မြန်မာပြည်မှာ ဘုရားစေတီအများဆုံး ပုဂံဆိုပြီးသင်ခဲ့ရတယ်။ ဘယ်လောက်ရှိလဲ လှည်းဝန်ရိုးသံတညံညံ ပုဂံဘုရားပေါင်းတဲ့ အားလုံးပေါင်း ၄၄၄၆၇၃၃ ရှိတယ်။ သေချာလေ့လာကြည့်ရင် ရခိုင်ပြည် မြောက်ဦးက ဘုရားစေတီပေါင်းဟာ သဇင်ပန်းခိုင်တမြိုင်မြိင် မြောက်ဦးဘုရားပေါင်းဆိုတော့ ၆၃၅၂၇၅၅ ရှိနေတယ်။ ဘာလို့ သမိုင်းကို ခေတ်အဆက်ဆက်လိမ်ချင်ကြတာလဲပဲပြန်မေးချင်ပါတယ်။ ဗုဒ္ဓဘာသာအစ ရခိုင်ကပါ ပုဂံကဆိုတာမဟုတ်ပြန်ဘူး။ အတန်းပညာတွေသင်ပေးတယ် သမိုင်းလိမ်တွေကို အမှန်ပဲထင်နေခဲ့ကြတာပါ။ အခု နှစ်ငါးဆယ်အတွင်းဖြစ်ပျက်ခဲ့တဲ့ မြန်မာ့သမိုင်းကိုရော သမိုင်းဆရာတွေ အမှန်ရေးနိုင်မှာလား ဘယ်လိုတွေရေးမလဲဆိုတာ သမိုင်းစာအုပ်တွေ ဆက်လက်ဖတ်ဖို့ အားသန်လာပါပြီ။ 
👍  , , , , , , , , , ,
properties (23)
authornayhlaingsoe
permlinkthmaing-history
categoryhistory
json_metadata{"image":["","https://images.ecency.com/DQmWZfrYpxA3Ad88FfrrPZiTJf6NANuwAFE6x6T6B7qJPfB/images.jpg"],"thumbnails":["https://images.ecency.com/DQmWZfrYpxA3Ad88FfrrPZiTJf6NANuwAFE6x6T6B7qJPfB/images.jpg"],"tags":["history","myanmar","hive","crypto","ecency","hive-myanmar"],"app":"ecency/3.0.20-vision","format":"markdown+html"}
created2021-12-02 08:31:54
last_update2021-12-02 08:31:54
depth0
children0
last_payout2021-12-09 08:31:54
cashout_time1969-12-31 23:59:59
total_payout_value0.146 HBD
curator_payout_value0.133 HBD
pending_payout_value0.000 HBD
promoted0.000 HBD
body_length1,832
author_reputation3,666,234,361,121
root_title"သမိုင်း history "
beneficiaries[]
max_accepted_payout1,000,000.000 HBD
percent_hbd10,000
post_id108,203,674
net_rshares135,384,073,907
author_curate_reward""
vote details (11)