create account

စာရေးနည်း (၂) by sayalu

View this thread on: hive.blogpeakd.comecency.com
· @sayalu · (edited)
$1.34
စာရေးနည်း (၂)
![pen.jpg](https://images.ecency.com/DQmX1FKRr32QBaFfp3FkesTG8sgrQMmUq1zw7BfcRthuYqX/pen.jpg)

စာရေးခြင်းဆိုသည်မှာ ဗျည်းနှင့်သရကို ပေါင်းစပ်၍ စကားလုံးဖြစ်အောင်၊ စကားလုံးများကို ပေါင်းစပ်၍ ဝါကျဖြစ်အောင်၊ ဝါကျများကို ပေါင်းစပ်၍ စာပိုဒ်ဖြစ်အောင်၊ စာပိုဒ်များကို ပေါင်းစပ်၍ စာတပုဒ်လုံး ဖြစ်အောင် ရေးသားခြင်း ဖြစ်သည်။

စာရေးသားစဉ် မိမိတို့ ဝါသနာရှင်များ ကြုံတွေ့ရလေ့ရှိသော အခက်အခဲများမှာ - (၁) စကားလုံး အသုံးအနှုန်း (၂) သဒ္ဒါ အသုံးအနှုန်း (၃) စကားလုံး အသုံးအနှုန်း ကျစ်လစ်မှု (၄) စကားလုံး အသုံးအနှုန်း လိုက်ဖက်မှု (၅) ဝါကျမှန်ကန်မှု (၆) ဝါကျရှင်းလင်းမှု (၇) စာပိုဒ် ခွဲဝေမှု (၈) စာပိုဒ် ချိတ်ဆက်မှု စသည်တို့ ဖြစ်သည်ဟု စာရေးဆရာကြီးများက ညွှန်ပြကြပါသည်။

(၁) **စကားလုံး အသုံးအနှုန်း မှန်ကန်မှု** - စာရေးသူတို့သည် မြန်မာစာလုံးပေါင်း သတ်ပုံကျမ်းကို ဆောင်ထားရမည်။ ဥပမာ - အိပ်ရာနှင့်အိပ်ယာ၊ နေ့လယ်နှင့်နေ့လည်၊ ကြေညာချက်နှင့် ကျေညာချက် စသည်တို့ကို မကြာခဏ မှားယွင်းတတ်သောကြောင့် သတ်ပုံကျမ်းနှင့် တိုက်ဆိုင်စစ်ဆေးရမည်။

(၂) **သဒ္ဒါ အသုံးအနှုန်း မှန်ကန်မှု** - ဝါကျရှည်ဖွဲ့မိလျှင် သဒ္ဒါအထားအသိုကို ဂရုစိုက်ရမည်။ မှ နှင့် က၊ ကို နှင့် အား၊ တွင် နှင့် ၌၊ စသော နှင့် ဟူသော ၊ စသည်တို့ကို မှားသုံးတတ်ကြသည်။ အခမ်းအနားအား ကျင်းပသည် (မှားသည်)။ အခမ်းအနားကို ကျင်းပသည် (မှန်သည်)။ စာများများဖတ်လျှင် သဒ္ဒါပိုင်း ပို၍ ကျေညက်လွယ်သည်။

(၃) **စကားလုံး အသုံးအနှုန်း ကျစ်လစ်မှု** - ကိုယ်ရေးသောစာကို လှလှပပ ဖြစ်စေချင်သောကြောင့် ဝါကျရှည် ဖွဲ့မိသောအခါ စကားလုံးများ ဖေါင်းပွကုန်တတ်သည်။ စာရေးဆရာကြီးများက စကားလုံးကျစ်လစ်စွာ လိုရင်းတိုရှင်းရေးရန် နှင့် အသိခက်သော စာသုံးပေသုံး စကားလုံးကြီးများကို ရှောင်ရှားရန် အကြံပြုထားသည်။

(၄) **စကားလုံး အသုံးအနှုန်း လိုက်ဖက်မှု** - အပြောသုံးစကား နှင့် စာသုံးစကားကို ဝါကျထဲတွင် ရောထွေးသုံးစွဲခြင်း မပြုရန် လမ်းညွှန်ထားသည်။ ကျွန်တော့်ထံ သူလာတယ် (မှားသည်) ။ ကျွန်တော့်ဆီကို သူလာတယ် (မှန်သည်) ။ အပြောသုံးဝါကျထဲတွင် (ထံ) ဟူသော စာသုံးစကား ရောထွေးရေးခြင်း မပြုရန် ဆိုလိုသည်။ ဝေါဟာရအသုံးအနှုန်း လိုက်ဖက်မှု အပိုင်းသည် ကျယ်ပြန့်လွန်း၍ ကိုယ်တိုင် ဖတ်မှတ်လေ့လာရမည်။

(၅) **ဝါကျမှန်ကန်မှု** - ပုဒ်ထားမှားဝါကျများကို ရှောင်ရှားရမည်၊ ဆိုင်ရာဆိုင်ရာ ပုဒ်ချင်းကပ်ထားမှ ပုဒ်ထားမှန်သည်။ ဥပမာ - ဆရာတော်သည် ရွှေတိဂုံစေတီပေါ်တွင် အမဲသားမစားရန် တရားဟောသည် ( ပုဒ်ထားမှားသည်)။ဆရာတော်သည် အမဲသားမစားရန် ရွှေတိဂုံစေတီပေါ်တွင် တရားဟောသည် (ပုဒ်ထားမှန်သည်) ။

(၆) **ဝါကျရှင်းလင်းမှု** - ဝါကျရှည်လျှင် ပုဒ်ထားရှုတ်ဝါကျ ဖြစ်တတ်၍ ဆိုလိုရင်း လွဲတတ်သည်။ ကျွန်တော်သည် တိတ်ဆိတ်သော မြို့ကလေး၏ ဆင်ခြေဖုံးရပ်ကွက်မှာ နေထိုင်သည် (မရှင်းပါ)။ ကျွန်တော်သည် မြို့ကလေး၏ တိတ်ဆိတ်သော ဆင်ခြေဖုံးရပ်ကွက်မှာ နေထိုင်သည် (ရပ်ကွက် တိတ်ဆိတ်သည်)။ ကျွန်တော်သည် တိတ်ဆိတ်သော မြို့ကလေး၏ တောင်ဘက်ပိုင်းရှိ ဆင်ခြေဖုံးရပ်ကွက်တွင် နေထိုင်သည် (မြို့ကလေး တိတ်ဆိတ်သည်)။

(၇) **စာပိုဒ် ခွဲဝေမှု** - ဆိုလိုချက် တချက်လျှင် စာတပိုဒ်ခွဲ၍ရေးရန် ဖြစ်သည်။ မီးလောင်သည့်အကြောင်းရေးလျှင် - ကြားသိရပုံနိဒါန်း၊ စုံစမ်းရာမှသိရသော အကြောင်းရင်း၊ ဖြစ်ပုံဖြစ်စဉ်အသေးစိတ်၊ ဖြစ်ပြီးအခြေအနေ မြင်ကွင်း၊ ပတ်ဝန်းကျင် အပြောအဆို၊ သုံးသပ်ချက်နိဂုံး စသဖြင့် စာပိုဒ်ခွဲ၍ ရေးသားရမည်။ လိုအပ်လျှင် စာပိုဒ်များအသေးစိတ် ထပ်ခွဲနိုင်သည်။

(၈) **စာပိုဒ် ချိတ်ဆက်မှု** - စာပိုဒ်တပိုဒ်ချင်း၏ အကြောင်းအရာများကို ချိတ်ဆက်၍ စာတပုဒ်လုံး ပြီးဆုံးသည်အထိ ရေးသားရမည်။ အထက်က မီးလောင်သည့်အကြောင်း၌ စာပိုဒ်တခုနှင့်တခု အကူးအပြောင်းတွင် အချိတ်အဆက် ထိမိအောင်ရေး၍ စာဖတ်သူကို အစမှအဆုံးသို့ ဆွဲခေါ်သွားနိုင်ရမည်။

စာတလုံးမှ စာတပုဒ် ဖြစ်လာရန်အတွက် အထက်ပါ (၈) ချက်ကို ဂရုတစိုက် ရှိရမည်ဟု မြန်မာစာပေလောကတွင် ထင်ရှားသော ဆရာ မောင်ခင်မင် (ဓနုဖြူ) က လမ်းညွှန်ခဲ့ပါသည်။ ဆရာ၏ မူရင်းအာဘော်ကို ခြုံငုံမိအောင် မိမိက ပြန်လည်တင်ပြပေးခြင်း ဖြစ်ပါသည်။

ဆရာ မောင်ခင်မင် (ဓနုဖြူ) ၏ လမ်းညွှန်ချက်ကို လေ့လာမှတ်သား၍ လက်တွေ့ စမ်းသပ်ရေးကြည့်ပါလေ။ ဤနည်းလမ်းသည် မိတ်ဆွေတို့အတွက် ဝါသနာရှင်အဆင့်မှ ပညာရှင်အဆင့်သို့ တက်လှမ်းနိုင်ရန် အထောက်အကူဖြစ်မည်ဟု မျှော်လင့်ပါသည်။

မိတ်ဆွေအားလုံး ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။

@sayalu
04.12.2021

properties (23)
authorsayalu
permlinksayaeni-2
categoryhive-122133
json_metadata{"image":["https://images.ecency.com/DQmX1FKRr32QBaFfp3FkesTG8sgrQMmUq1zw7BfcRthuYqX/pen.jpg"],"thumbnails":["https://images.ecency.com/DQmX1FKRr32QBaFfp3FkesTG8sgrQMmUq1zw7BfcRthuYqX/pen.jpg"],"users":["sayalu"],"tags":["hive-122133","creativecoin","neoxian","proofofbrain","archon","palnet","ash","trafficinsider","hivelist","myanmar"],"app":"ecency/3.0.20-vision","format":"markdown+html"}
created2021-12-04 12:20:33
last_update2021-12-05 13:35:33
depth0
children4
last_payout2021-12-11 12:20:33
cashout_time1969-12-31 23:59:59
total_payout_value0.677 HBD
curator_payout_value0.658 HBD
pending_payout_value0.000 HBD
promoted0.000 HBD
body_length3,621
author_reputation1,483,390,455,598
root_title"စာရေးနည်း (၂)"
beneficiaries[]
max_accepted_payout1,000,000.000 HBD
percent_hbd0
post_id108,264,805
net_rshares649,605,424,651
author_curate_reward""
vote details (26)
@hivebuzz ·
Congratulations @sayalu! You have completed the following achievement on the Hive blockchain and have been rewarded with new badge(s):

You distributed more than 400 upvotes.
Your next target is to reach 500 upvotes.

_You can view your badges on [your board](https://hivebuzz.me/@sayalu) and compare yourself to others in the [Ranking](https://hivebuzz.me/ranking)_
_If you no longer want to receive notifications, reply to this comment with the word_ `STOP`

To support your work, I also upvoted your post!

**Check out the last post from @hivebuzz:**

Saint-Nicholas challenge for well-behaved girls and boys

Feedback from the December 1st Hive Power Up Day

Hive Power Up Month Challenge - Winners List

properties (22)
authorhivebuzz
permlinkhivebuzz-notify-sayalu-20211204t145025
categoryhive-122133
json_metadata{"image":["http://hivebuzz.me/notify.t6.png"]}
created2021-12-04 14:50:24
last_update2021-12-04 14:50:24
depth1
children0
last_payout2021-12-11 14:50:24
cashout_time1969-12-31 23:59:59
total_payout_value0.000 HBD
curator_payout_value0.000 HBD
pending_payout_value0.000 HBD
promoted0.000 HBD
body_length1,499
author_reputation367,962,672,824,617
root_title"စာရေးနည်း (၂)"
beneficiaries[]
max_accepted_payout1,000,000.000 HBD
percent_hbd10,000
post_id108,268,210
net_rshares0
@nyimwa ·
ကျွန်တော်ဆိုရင် ဝါကျဖွဲ့ စကားလုံးအသုံးနှုန်းများမှာ အခုချိန်ထိ မမှန်နိုင်သေးပါ။
properties (22)
authornyimwa
permlinkre-sayalu-2021124t22436110z
categoryhive-122133
json_metadata{"tags":["hive-122133","creativecoin","neoxian","proofofbrain","archon","palnet","ash","trafficinsider","hivelist","myanmar"],"app":"ecency/3.0.20-vision","format":"markdown+html"}
created2021-12-04 16:13:06
last_update2021-12-04 16:13:06
depth1
children0
last_payout2021-12-11 16:13:06
cashout_time1969-12-31 23:59:59
total_payout_value0.000 HBD
curator_payout_value0.000 HBD
pending_payout_value0.000 HBD
promoted0.000 HBD
body_length80
author_reputation17,395,868,801,467
root_title"စာရေးနည်း (၂)"
beneficiaries[]
max_accepted_payout1,000,000.000 HBD
percent_hbd10,000
post_id108,269,859
net_rshares0
@nyinyiwin ·
ဟုတ်တယ် စာရေးနည်းက သေချာလေ့လာရင် ခက်ခဲတယ်ဗျ။ ကနော်တို့က အလွယ်ရေးနေကြတာ ဝါကျအမှားတွေ အများကြီး။ !PIZZA
properties (22)
authornyinyiwin
permlinkre-sayalu-2021125t01420303z
categoryhive-122133
json_metadata{"tags":["hive-122133","creativecoin","neoxian","proofofbrain","archon","palnet","ash","trafficinsider","hivelist","myanmar"],"app":"ecency/3.0.20-vision","format":"markdown+html"}
created2021-12-04 17:44:21
last_update2021-12-04 17:44:21
depth1
children0
last_payout2021-12-11 17:44:21
cashout_time1969-12-31 23:59:59
total_payout_value0.000 HBD
curator_payout_value0.000 HBD
pending_payout_value0.000 HBD
promoted0.000 HBD
body_length101
author_reputation41,915,810,364,691
root_title"စာရေးနည်း (၂)"
beneficiaries[]
max_accepted_payout1,000,000.000 HBD
percent_hbd10,000
post_id108,271,854
net_rshares0
@pizzabot ·
PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
@nyinyiwin(3/9) tipped @sayalu (x1)

You can now send $PIZZA tips in Discord via tip.cc!
properties (22)
authorpizzabot
permlinkre-sayaeni-2-20211204t174538z
categoryhive-122133
json_metadata"{"app": "beem/0.24.26"}"
created2021-12-04 17:45:39
last_update2021-12-04 17:45:39
depth1
children0
last_payout2021-12-11 17:45:39
cashout_time1969-12-31 23:59:59
total_payout_value0.000 HBD
curator_payout_value0.000 HBD
pending_payout_value0.000 HBD
promoted0.000 HBD
body_length252
author_reputation6,176,617,389,928
root_title"စာရေးနည်း (၂)"
beneficiaries[]
max_accepted_payout1,000,000.000 HBD
percent_hbd10,000
post_id108,271,876
net_rshares0